မနှစ်ကလို သင်္ကြန်

ပိတောက် တစ်ဖူး
မောင်ခူးပေမယ့်
ပန်ဆင်သူမရှိဘူး
မောင့်ချစ်ဦးသူ...........။

နှစ်တွေကပြောင်း
အချစ်တွေက မဟောင်း
အသစ်တွေ ရှာကောင်းလို့ 
မောင့်တစ်ယောက်ကို မေ့နေပြီလား မေ......။

မိုးလေးတွေ ဆွေဆွေ
ပိတောက်ပန်းတွေ ဝေဝေ
မျက်ဝန်းလေးတွေ လွမ်းငွေ့ ဝေ
တစ်ခေါက်လှမ်းခဲ့ ပါ ချစ်ဦးမေရေ...............။

ဒီနှစ်ကူးမှာ စိတ်ကူးနဲ့ ထပ်တူ
အလွမ်းဇယားတွေ ဖယ်ပြီ
အလန်းဇယားတွေ နဲ့ ထပ်တူပျော်ကြမယ်........။

မနှစ်က သင်္ကြန်လိုပဲ
မနှစ်ကလိုပဲ ရေလောင်းပြီး
အဖြေပြန်တောင်းချင်တယ်
ချစ်သေးရဲ့ လား မောင့်ချစ်ဦးရယ်....................။

သူသိနေပါစေ....

ပေါ့ပျက်ပျက်စကားလုံးတစ်စုနဲ့
ပျက်ရယ်ပြုခဲ့လို့
အချစ်တွေကိုမျက်ကွယ်ပြုခဲ့ရတာ
သူသိနေပါစေ......
ကံကြမ္မာနှလုံးသားရေးလမ်းက
ခပ်ကြမ်းကြမ်းရိုက်ပုပ်ခဲ့လို့
အလွမ်းတွေနဲ့ပွေ့ဖက်ခဲ့ရတာ
သူသိနေပါစေ.......
လှည့်စားခြင်းတွေရဲ့နောက်
နှလုံးသားဟာသွေးချင်းချင်းနီရဲခဲ့လို့
ဘ၀ဟာမြစ်ကျိုးအင်းဖြစ်ခဲ့ရတာ
သူသိနေပါစေ........
ဟောဒီငါ့မာနတွေကိုရိုက်ချိုး
သူပြန်လာလိမ့်နိုးနဲ့
မျှော်ကိုးနေခဲ့ရတာကိုလဲ
သူသိနေပါစေ........
လှည့်စားကာမာယာတွေနဲ့ပြုံးနေလဲ
အဆုံးထိရင်ကိုခွဲ
ချစ်နေဆဲပဲဆိုတာကိုလဲ
သူသိနေပါစေ.........