လေပြေ ...

လေပြေဆိုတာ
ခရေတွေကို ဝေစေသလို
ကြယ်တွေကိုလည်း
ကြွေစေတာပဲ

ငါ့လိုအပေအတေတစ်ယောက်က
မင်းကိုမြတ်နိုးမိတာ
ငါ့အိပ်မက်တွေ
သက်ဆိုးရှည်ကုန်ပြီ

အခြေအနေတွေခြားနားပြီး
ရေမြေတွေတားထားပေမယ့်
အချိန်တန်ရင်တော့
မင်းရဲ့ဘေးမှာ
လေပြေလိုသွားနားချင်တယ်...

ငါ့ဝဋ်ကြွေးတွေ
ကျေစေမယ့်နေ့ကို
သယ်ယူလာပါတော့
လေပြေရယ်....

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်