တောနက်ကြီးကိုဖြတ်သန်းခြင်း
မဲမှောင်နေတဲ့ တောနက်ကြီးထဲ
မသိစိတ်တွေ လွှမ်းမိုးဖြတ်သန်း
ပေးပါလို့ အော်သော်လည်း
ဘူးခါးရေတစ်ခွက်တောင် ပေးမဲ့သူမရှိလေတော့
ဟေ့..ဟေ့..လို့ တစာစာအော်ခေါ်မိ
ဆုံးမှတ်တစ်ခုကို လိုက်ရှာရင်း
ဖြတ်သန်းရမဲ့ တောနက်ကြီးမှာ
ထားခဲ့မယ် ငါ့ခြေရာတွေ
တယ်ခက်တဲ့တောကြီးကို ငါ့စိတ်တွေနဲ့ကျော်ဖြတ်မယ်…
(စိတ်ကူးပေါက်ရာ ရေးမိခြင်း)
No comments:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်