သူသိနေပါစေ....

ပေါ့ပျက်ပျက်စကားလုံးတစ်စုနဲ့
ပျက်ရယ်ပြုခဲ့လို့
အချစ်တွေကိုမျက်ကွယ်ပြုခဲ့ရတာ
သူသိနေပါစေ......
ကံကြမ္မာနှလုံးသားရေးလမ်းက
ခပ်ကြမ်းကြမ်းရိုက်ပုပ်ခဲ့လို့
အလွမ်းတွေနဲ့ပွေ့ဖက်ခဲ့ရတာ
သူသိနေပါစေ.......
လှည့်စားခြင်းတွေရဲ့နောက်
နှလုံးသားဟာသွေးချင်းချင်းနီရဲခဲ့လို့
ဘ၀ဟာမြစ်ကျိုးအင်းဖြစ်ခဲ့ရတာ
သူသိနေပါစေ........
ဟောဒီငါ့မာနတွေကိုရိုက်ချိုး
သူပြန်လာလိမ့်နိုးနဲ့
မျှော်ကိုးနေခဲ့ရတာကိုလဲ
သူသိနေပါစေ........
လှည့်စားကာမာယာတွေနဲ့ပြုံးနေလဲ
အဆုံးထိရင်ကိုခွဲ
ချစ်နေဆဲပဲဆိုတာကိုလဲ
သူသိနေပါစေ.........

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်