ရွာမလိုလိုနဲ့ညိုခဲ့တဲ့မိုးက
နေက်ကြောင်းပြန်လှည့်သွားတော့
တကယ်တမ်းသည်းထန်စွာရွာသွန်းခဲ့တာ
ငါ့ရင်ထဲမှာပါ.
အသက်မပါတဲ့အကြည့်တွေ
အချစ်မပါတဲ့နှလုံးသား
ဒါတွေကိုငါအလိုက်တသိနဲ့
မသိချင်ယောင်ဆောင်ပေးခဲ့တယ်..
သတိရလို့
ငါ့အဖြစ်ကိုပြန်တွေးကြည့်တော့
ငါဟာချောင်ထိုးခံရမယ့်
ပန်းချီကားချပ်ဟောင်းကြီးပါ
ချစ်သူရယ်....
ကြေကွဲမှုတွေ
ငါအတွက်ချန်ထားခဲ့ပြီးမှ
ငါ့ဘ၀ထဲကထွက်သွားခဲ့တော့
ကျန်ခဲ့တဲ့ငါ့ကို
ငါ့မျက်ရည်တွေက
အပြစ်တင်နေကြပြီလေ။
No comments:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်