ကသိကအောင့်
'အော်အီအီး
အွတ်'ဆိုတဲ့ alarm လေးက
mobile မှ ထွတ်လာကာ နားထဲသို့ 
ကဆုန်ဝင်ကာGtalk ပေါ်ကမျက်နှာလေးကို မြင်ယောင်…
ခြေလှမ်းများက သွက်လက်စွာ PC သို့ 
double click က Gtalk ပေါ်မှာ ထိထိမိမိ…
အစပြုလိုက်တဲ့ 'ဟိုင်း'က
တနေကုန်… 'ဟိုင်း'တော့တာပဲ
ပျော်ရင်းရွှင်ရင်းနဲ့  network connection time out က
စိတ်ကို တိခနဲ ဖြတ်ချလိုက်တယ်...။
အင်း...ဆိုတဲ့ သက်ပြင်းနဲ့ 
ရောက်သွားတဲ့  အတွေးက မိုး အပေါ်
စဆိုလိုက်တဲ့ သီချင်းလေးက
"Online ပေါ်က မိုးသီချင်း"တဲ့...။
Try again ကို နှိပ်ကာ
ပြန်ပေါ်လာတဲ့ သူ့ မျက်နှာလေးက
နှလုံးသားကို ပြန်ခေါ်ဆောင်ရင်း...
UPS က
'တီ' 'တီ'ဆိုတဲ့ အသံလေးကြောင့်
မသွားချင်တဲ့ shut down ကို ရောက်ခဲ့ရတယ်...။ ။
No comments:
Post a Comment
စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်