ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့
ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ
လုပ်ဆောင်မှု နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့
ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk
setting ကိုWaste capacity ကို များစွာပေးထားတာပါ ကျွန်တော် တို့က အဲဒီမလို အပ်တဲ့
wasted capacityကို လျှော့ချလိုက်ခြင်းအားဖြင့် free space များများရ ရှိအောင် လုပ်ဆောင်နိုင်မှာ
ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်..
တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ……
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C
ရဲ့ properties မှာ used space , free space ဘယ်လောက်ရှိတယ် ဆိုတာကို
မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက်
မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ
Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ
Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို
uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl
လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System
Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select
ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ
ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB
) ရှိရာမှ 3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို
open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box
တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို
check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက
settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က
box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား
မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty
Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space
ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks)
switched OFF
• Internet explorer: Default 474 MB dropped to
50 MB
• System Restore: Default 12% dropped to 1% (~ 1
GB)
Copy