how to disable "press f1 to continue"

အောက်ပါပုံအတိုင်း ကွန်ပျူတာဖွင့်လိုက်တာနဲ့ "press f1 to continue" ဆိုပြီး F1 နှိပ်
ပြီးမှ Window ပွင့်လာတတ်ပါတယ်။

အဲလိုပြဿနာမျိုးရှိလာရင် ဖြေရှင်းနည်းလေးဝေမျှချင်ပါတယ်။ အခြားဆိုက်များလဲ တင်ထား
ပြီးသားဖြစ်ပါလိမ့်မယ်။ ကျနော်ကတော့ ရလာအတွေ့အကြုံလေးတွေကို စုစည်းထားချင်တာ
နဲ့ ပို့စ်တင်လိုက်တာ။ လိုအပ်မယ်သူငယ်ချင်းများလဲ အလွယ်တကူရယူနိုင်တာပေါ့ဗျာ...

(၁)
ကွန်ပျူတာကို Power On လိုက်တာနဲ့ BIOS Setting up ၀င်ဖို့အတွက် ကီးဘုတ်ပေါ်က မိမိစက်အမျိုးအစားလိုက် F2, F10, Del ကီးစသည် တစ်ခုခုကို နှိပ်ထားလိုက်ပါ။ (ကျနော့်
စက်ကတော့ F2 နှိပ်ထားလိုက်တယ်ဗျာ)

(၂)
အောက်ကပုံအတိုင်း BIOS configuration ဘောက်စ်ပေါ်ပါလာမယ်။ Menu> Main
အောက်တွင် Halt Onအထိ မျှားနဲ့ရွေ့ပြီး ရောက်လျှင် Enter ခေါက်။ ထိုနောက် ညာ
ဖက်တွင် ပေါ်လာတဲ့ ဘောက်စ်မှာ No Errors ကို ရွေးပြီး Enter ခေါက်။

(၃)
ပြီးတော့ မိမိပြုပြင်ထားတဲ့ဟာတွေကို သိမ်းဖို့ F10 နှိပ်။ ဘောက်စ်ပေါ်လာလျှင် OK

 ပြီးပါပြီး..အဆင်ပြေပါစေ

 

                                                                                                                              Copy

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်