ဈေးကြီးတဲ့(တောက်တဲ့)



လမ်းသွားရင်းလူတွေအုံနေလို့ သတိထားမိတာ ကြည့်မိတော့ တောက်တဲ့ အရောင်းအ၀ယ်လုပ်နေကြတာတွေ့ရတယ်လေ. ကျွန်တော်

လည်း တောက်တဲ့ကို နီးနီကပ်ကပ်တစ်ခါမှ မမြင်ဖူးတော့ သေခြာကိုကြည့်ဖြစ်တယ်. (ငယ်ငယ်က ကြားဖူးနေတာက တောက်တဲ့ ကပ်

ရင်ခွာလို့မရဘူး မိုးကြိုးပစ်တာတို့ ဆိုတာတွေလေ) အခုတော့ တောက်တဲ့က လူတွေရဲ့အဖမ်းကိုခံရပြီး  ဈေးကွက်ကိုဝင်နေလေတော့
တယ် .  အငယ်ဆုံးတောက်တဲ့တစ်ကောင်းဟာ  အနည်းဆုံး  ဘတ် ၃၀၀  လောက်ရပြီး (၃၀၀-ဂရမ်) (၂၀ . ကျပ်သား) နှင့်   အထက်

တောက်တဲ့တစ်ကောင်ဟာ ဘတ် ၆၀၀၀-၇၀၀၀ နှင့်အထက် ဈေးကြီးပေးဝယ်ကြောင်းသိရပါတယ်. အကောင်ကြီး အလေးချိန်များရင်

များသလို့  ဈေးကြီးလေတယ်တဲ့.  ထိုပေါက်ဈေးနှင့်ဝယ်လိုက်သော  တောက်တဲ့ဟာ  ပြန်ရောင်းရင် နည်းဆုံး  နှစ်ဆ   အထက်ပြန်ရ

ကြောင်းလည်းသိရပါတယ်.      ဘယ်အတွက်ကြောင့်     ဈေးကောင်းပေးဝယ်လည်းဆိုတော့ဆေးဘက်ဝင်တယ်လို့ ပြောကြတာပဲ…

HIV/AIDS ရောဂါ  ကုသရာမှာသုံးတယ်ပြောကြပါတယ်.  တချို့ကလည်း  မွေးထားပြီးတောက်တဲ့  အန်ဖတ်ကို  ဆေးဖော်ရာမှာသုံး

တယ်ပြောကြပြီး တချို့ကလည်း ချက်ပြုစားသောက်တယ်တဲ့.တချို့ကလည်းသည်းခြေကိုယူတယ်လို့ပြောကြတာပဲ.ရေရေရာရာတော့

မသိကြဘူးဗျ. ကျွန်တော့်အထင်တော့ တိုင်းရင်းဆေး နှင့် ဆတ်စပ်နေမယ်လို့ထင်တာပေါ့. အနောက်တိုင်း ဆေးပညာသဘောအရ

တော့ AIDS ကိုပျောက်တယ်လို့ မကြားဖူးသေးဘူး. တောက်တဲ့များကို ထိုင်းနိုင်ငံသို့တင်ပို့ခြင်း ဈေးကွက်ဟာ ကြီးကျယ်နေပါတယ်.


တောက်တဲ့သည် သွေးအေး သတ္တဝါ တစ်မျိုး ဖြစ်ပြီး ကြွက်၊ တီကောင်နှင့် အင်းဆက် ပိုးမွှား များကို အစာ အဖြစ် ဖမ်းယူလေ့ ရှိသည်.

လူ နေအိမ်ရှိ ချောင်ကြသော နေရာများနှင့် သစ်ခေါင်း ပေါက်များတွင် နေထိုင် တတ်သည်. မြွေကဲ့သို့ အရေခွံလဲ တတ်သော သတ္တဝါ

ဖြစ်ပြီး  ၎င်းတို့၏ ဥများ  ကိုလည်း ပြန်လည် စားသောက်  တတ်သည်.   အန္တရာယ်နှင့် ကြုံတွေ့ပါက  ပြန်လည်  ကိုက်တတ်သည်….

တရုတ်၊ အင်ဒိုနှင့် ဂျပန်  လူမျိုးများက  တောက်တဲ့ကို လာဘ်လာဘ  ကောင်းသော  အိမ်မွေး သတ္တဝါ အဖြစ် ယုံကြည်ကြပြီး  တရုတ်

ဆေးကျမ်းများ၌ ဆေးဖက်ဝင်သော သတ္တဝါ ဖြစ်သည်ဟု သိရပါတယ်.

( တောက်တဲ့ ဆိုတာ မမြင်ဖူးရင်နေမှာပါ အသံလေးကိုတော့ ကျွန်တော်တို့ ကြားဖူးကြမှာပါ. “တောက်တဲ့ .. တောက်တဲ့.” ဒီလို

ကျွန်တော်တို့နဲ့မစိမ်းတဲ့ သတ္တ၀ါလေးတွေဟာ လူသားများ ၏ အစီအမံဖြင့် ဈေးကြီး သတ္တ၀ါတစ်မျိုး ဖြစ်သွားလေတော့သည်.)

                                                                                                                                                    နောင်နောင်

.

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်