format factory 2.20
ဘာအတွက်သုံးလဲဆိုတော့
(mp3.mp4.3gp.avi.mpeg)အတွက်ပါပြောင်းလို့  ရတာတွေအများကြီးဘဲ.ကျွန်တော်တောင်တော်တော်ခိုက်သွားတယ်
သိပြီးသားသူတွေအတွက်ရော..မသိသေးတဲ့သူတွေအတွက်ပါမျှဝေပေးလိုက်တယ်။
လိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ။ 32.08MB ရှိတယ်။
Download

ဈေးကြီးတဲ့(တောက်တဲ့)
လမ်းသွားရင်းလူတွေအုံနေလို့
သတိထားမိတာ ကြည့်မိတော့ တောက်တဲ့ အရောင်းအ၀ယ်လုပ်နေကြတာတွေ့ရတယ်လေ. ကျွန်တော်
လည်း တောက်တဲ့ကို
နီးနီကပ်ကပ်တစ်ခါမှ မမြင်ဖူးတော့ သေခြာကိုကြည့်ဖြစ်တယ်. (ငယ်ငယ်က ကြားဖူးနေတာက
တောက်တဲ့ ကပ်
ရင်ခွာလို့မရဘူး
မိုးကြိုးပစ်တာတို့ ဆိုတာတွေလေ) အခုတော့ တောက်တဲ့က လူတွေရဲ့အဖမ်းကိုခံရပြီး ဈေးကွက်ကိုဝင်နေလေတော့
့
တယ် . အငယ်ဆုံးတောက်တဲ့တစ်ကောင်းဟာ အနည်းဆုံး
ဘတ် ၃၀၀ လောက်ရပြီး (၃၀၀-ဂရမ်) (၂၀
. ကျပ်သား) နှင့် အထက်
တောက်တဲ့တစ်ကောင်ဟာ ဘတ်
၆၀၀၀-၇၀၀၀ နှင့်အထက် ဈေးကြီးပေးဝယ်ကြောင်းသိရပါတယ်. အကောင်ကြီး အလေးချိန်များရင်
များသလို့ ဈေးကြီးလေတယ်တဲ့. ထိုပေါက်ဈေးနှင့်ဝယ်လိုက်သော တောက်တဲ့ဟာ
ပြန်ရောင်းရင် နည်းဆုံး နှစ်ဆ အထက်ပြန်ရ
ကြောင်းလည်းသိရပါတယ်. ဘယ်အတွက်ကြောင့် ဈေးကောင်းပေးဝယ်လည်းဆိုတော့ဆေးဘက်ဝင်တယ်လို့ ပြောကြတာပဲ…
HIV/AIDS ရောဂါ ကုသရာမှာသုံးတယ်ပြောကြပါတယ်. တချို့ကလည်း မွေးထားပြီးတောက်တဲ့ အန်ဖတ်ကို ဆေးဖော်ရာမှာသုံး
တယ်ပြောကြပြီး
တချို့ကလည်း ချက်ပြုစားသောက်တယ်တဲ့.တချို့ကလည်းသည်းခြေကိုယူတယ်လို့ပြောကြတာပဲ.ရေရေရာရာတော့
မသိကြဘူးဗျ. ကျွန်တော့်အထင်တော့
တိုင်းရင်းဆေး နှင့် ဆတ်စပ်နေမယ်လို့ထင်တာပေါ့. အနောက်တိုင်း ဆေးပညာသဘောအရ
တော့ AIDS
ကိုပျောက်တယ်လို့ မကြားဖူးသေးဘူး. တောက်တဲ့များကို ထိုင်းနိုင်ငံသို့တင်ပို့ခြင်း
ဈေးကွက်ဟာ ကြီးကျယ်နေပါတယ်.
တောက်တဲ့သည် သွေးအေး သတ္တဝါ တစ်မျိုး ဖြစ်ပြီး ကြွက်၊ တီကောင်နှင့် အင်းဆက် ပိုးမွှား များကို အစာ အဖြစ် ဖမ်းယူလေ့ ရှိသည်.
လူ နေအိမ်ရှိ
ချောင်ကြသော နေရာများနှင့် သစ်ခေါင်း ပေါက်များတွင် နေထိုင် တတ်သည်. မြွေကဲ့သို့
အရေခွံလဲ တတ်သော သတ္တဝါ
ဖြစ်ပြီး ၎င်းတို့၏ ဥများ ကိုလည်း ပြန်လည် စားသောက် တတ်သည်. အန္တရာယ်နှင့်
ကြုံတွေ့ပါက ပြန်လည် ကိုက်တတ်သည်….
တရုတ်၊ အင်ဒိုနှင့်
ဂျပန် လူမျိုးများက တောက်တဲ့ကို လာဘ်လာဘ ကောင်းသော အိမ်မွေး သတ္တဝါ အဖြစ် ယုံကြည်ကြပြီး တရုတ်
ဆေးကျမ်းများ၌
ဆေးဖက်ဝင်သော သတ္တဝါ ဖြစ်သည်ဟု သိရပါတယ်.
( တောက်တဲ့ ဆိုတာ မမြင်ဖူးရင်နေမှာပါ အသံလေးကိုတော့ ကျွန်တော်တို့ ကြားဖူးကြမှာပါ. “တောက်တဲ့ .. တောက်တဲ့.” ဒီလို
ကျွန်တော်တို့နဲ့မစိမ်းတဲ့
သတ္တ၀ါလေးတွေဟာ လူသားများ ၏ အစီအမံဖြင့် ဈေးကြီး သတ္တ၀ါတစ်မျိုး
ဖြစ်သွားလေတော့သည်.)
နောင်နောင်
.
HANDPHONE လေးနဲ့ Chat ချင်သူများအတွက်......
အချိန်မရွေး နေရာမရွေး
chat နေချင်သူများ အတွက် နည်းလမ်းကောင်းလေးပေးချင်ပါတယ်ဒါပေမဲ့ GPRS၊3G၊Wifiနဲ့internetaccess
ရတဲ့ ဟန်းဖုန်းလေးတစ်လုံးတော့ရှိရပါမယ်...mobilmessengerတွေအများကြီးရှိတဲ့အထဲကမှလူသုံးအများဆုံးနဲ့အသုံးပြုလို့အကောင်း
ဆုံးကတော့ Ebuddy နဲ့ Nimbuzz တို့ဘဲဖြစ်ကြပါတယ်..၊ . Ebuddy မှာ MSN/ Windows Live Messenger, Yahoo! Messenger,
AIM,gtalk,
facebook စတာတွေကို အသုံးပြုနိုင်ပြီး...
Nimbuzz
မှာကတော့ Skype, MSN/ Windows Live Messenger, Yahoo! Messenger, ICQ, AIM., Google
Talk, Gadu
Gadu
, Hyves.. စတာတွေကို အသုံးပြုနိုင်ပါတယ်
မိမိဖုန်းကနေပြီး တိုက်ရိုက် ဒေါင်းယူနိုင်ပါတယ်.. ဖုန်းကနေ ဒေါင်းမယ်ဆိုရင်
Getjar.com
ကိုဖုန်း search box ကနေရှာလိုက်ရင် မိမိဖုန်းအမျိုးအစားနဲ့ကိုက်ညီတဲ့ messengerတွေကိုသာမကအခြားအသုံးချဖုန်း
softwareမျိုးစုံကိုရရှိနိုင်ပါတယ်...ကဲ.စမ်းကြည့်
လိုက်ကြပါအုံး အားလုံးFree ပါ....
နောင်နောင်
Dial up connection ဖြင့် အင်တာနက်ချိတ်ရအောင် (ထိုင်းနိုင်ငံ)
Dial up connection ဖြင့် အင်တာနက်ချိတ်ချင်တယ်ဆိုရင်တော့ ပထမဦးစွာ
အင်တာနက်နာရီတော့ ၀ယ်ထားပြီးသားအဆင်သင့် ရှိနေရပါမယ်။
ဒီအတိုင်းလေးသွားကြည့်ရအောင်လားဗျာ -
ဒီလိုမလုပ်ခင် ကျွန်တော်တို့ mobile နှင့်ပတ်သက်တာလေးတွေတော့ လုပ်ထားပြီးသားဖြစ်ရပါ့မယ်။
(၁) cabel connection ဖြင့် dial up ချိတ်မယ်ဆိုရင်တော့ဖြင့် မိမိသုံးမယ့် mobile နှင့်ပတ်သက်သည့် modem နှင့်သက်ဆိုင်တာလေးများ install လုပ်ထားပြီးသားဖြစ်ရပါမယ်။ ဥပမာ Nokia (nokia pc suite) လိုမျိုး mobile ကို modem ခံပြီးသုံးဖို့အတွက် ကွန်ပျူတာနှင့် mobile ချိတ်ဖို့အတွက် လိုအပ်တဲ့ driver များ တင်ထားပေးရပါမယ်။
(၂) အဲ့လိုမတင်ချင်ဘူးဆိုရင်တော့ မိမိသုံးမည့် ဖုန်းတွင် bluetooth ပါလားအရင်ကြည့်ရပါမယ်။ bluetooth ပါတယ်ဆိုရင်တော့ ကျွန်တော်တို့ modem မတင်လဲ ဖြစ်ပါတယ်။ ဖုန်းမှာ bluetooth ပါပြီးတော့ ကွန်ပျူတာမှာ bluetooth မပါပြန်ရင်လဲ ကွန်ပျူတာမှာ bluetooth တစ်ခုဝယ်ပြီး တပ်လိုက်ပါ ဈေးချိုပါတယ်။ ထိုင်းဘတ်နဲ့ဆိုရင် ၃၀၀ ဘတ်လောက်ပဲကုန်မှာပါ။
အားလုံးအဆင်သင့်ဖြစ်ရင်တော့ ချိတ်ဖို့အတွက်ပဲ ကျန်တော့တာပေါ့ဗျာ။
ကဲ ဒီလိုလုပ်ရအောင် -
(၁) Start >> settings >> Network Connections ကိုအရင်သွားပါ
(၂) create network connection ကိုသွားပါ

အဆင်ပြေကြပါစေဗျာ…
Copy
Subscribe to:
Posts (Atom)