ပေးဆပ်သူ


မရေရာတဲ့လောကကြီးထဲ
အချစ်ဆိုတာကိုဖွေရှာမိတော့
မသေချာမှုတွေရဲ့ကြား
ရင်မောနေရသူကငါပါ..
နင်ကတော့…….
အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား…….?
မြင်နိုင်မယ်ဆိုရင်
ငါ့ရဲ့ရင်ထဲ

ခဏလောက်ဝင်ကြည့်လှည့်ပါ
ချစ်သူပေးတဲ့ဒဏ်ရာဆိုတာ
နှလုံးသားရဲ့အတွင်းဆုံးအလွှာအထိ
အမြစ်တွယ်တတ်ပါသတဲ့..
နင်မသိခဲ့ပါဘူး
နင့်ကိုသတိရလို့မက်တဲ့အိပ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့လေ
မျှော်လင့်မိပါတယ်
နင့်ရဲ့အချစ်တွေ
ငါ့အတွက်သီးသန့်ဖြစ်လာမယ့်တစ်နေ့နေ့ကိုပေါ့
အဆုံးမဲ့တဲ့ငါ့အချစ်တွေက
ပေးဆပ်ခြင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူရယ်…..

၂လုံးထီ




ကျွန်တော်တို့ မြို့ လေးမှာ နှစ်လုံးထီ မပျောက်သွားတဲ့အပြင် ပိုပိုဆိုးလို့လာပါတယ်..။  အရင်က  ကျွန်တော်ငယ်ငယ်တုန်းကဆိုမြန်မာ

ထီ ဖွင့်တဲ့ ငါးရက်လား ခုနှစ်ရက်မှာလား မသိဘူး.. အဲ့လို တလမှာ အဲ့ရက်အပိုင်းအခြားလေးမှာပဲ လူတွေက နှစ်လုံးထီ ထိုးကြပါတယ်

ခုတော့ ထီကြီးကို တစ်နေ့ထဲ အပြီးဖွင့်လိုက်တော့ … ထီဒိုင်တွေ တည်ရာ ပြောင်းသွားပါပြီ.. ဂြိုဟ်တု စလောင်းကနေ .. ထိုင်းနိုင်ငံက

စတော့ရှယ်ယာဈေးတွေကိုကြည့်ပြီး  ထီကစားကြပါတယ်.. ။  တလလုံးရှိပါတယ်…။  စနေ တနင်္ဂနွေပဲ  ပိတ်တာပေါ့…။ လူတွေလည်း

လုံးပါးပါးလိုက်ကြတာဗျာ… အစကတည်းက အလုပ်အကိုင်ရှားပါးလို့ ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိဖြစ်နေရတဲ့ကြားထဲ … ငွေလေး

မြိုးမြိုးမြက်မြက်ရမလားလို့ ဆိုပြီး နှစ်လုံးထီထိုးပြီး ချွတ်ခြုံကြနေတဲ့လူတွေ နည်းမှ မနည်းပဲဗျာ..။ သေမင်းလည်းချွတ်ခြုံကြနေလို့  …

ရေသည်ယောကျာင်္းဖြစ်နေပြီးဗျို့ …..

                                                                                                                                                    နောင်နောင်